Thursday, March 27, 2008

IT Talk No.7 - News


အိုင်တီစကားဝိုင်း အမှတ် (၇) - သတင်း


Personal Computer မဂ္ဂဇင်းမှ လစဉ်စီစဉ်ကျင်းပသည့် အိုင်တီစကားဝိုင်း အမှတ် (၇) ကို ၂၀၀၈ ခုနှစ် ၊ ဧပြီလ ၅ ရက်နေ့ (စနေနေ့) တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေအတွင်းရှိ) မြန်မာအင်ဖိုတက် ၊ Conference Hall အခန်းအမှတ် (၂၀၅) တွင် နေ့လည် (၁း၀၀) နာရီအချိန်တွင် ကျင်းပမည်ဟု သိရှိရသည်။
မြန်မာနိုင်ငံအတွင်းသို့ လက်ရှိဝင်ရောက်နေသည့် ကွန်ပျူတာဟာ့ဒ်ဝဲများနှင့် ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်၊ သုံးသင့်၊ မသုံးသင့်သည့် ပြဿနာများကို အိုင်တီစာရေးဆရာများနှင့် ကျွမ်းကျင်သူများဖြစ်ကြသည့်
  1. ဦးဇော်လင်း (့Youth Computer)
  2. ဦးအေးကိုကို (F.E.B Computer)
  3. ဦးဖိုးနိုင်ဝင်း (Masterpiece)
  4. ကိုမျိုးမင်းဝင့်ဦး (4AM Digital Services)
တို့က စုပေါင်းကာ အဖြေရှာဆွေးနွေးတင်ပြမည် ဖြစ်ပါသည်။
စာဖတ်ပရိတ်သတ်များ ၊ အိုင်တီအကြောင်းစိတ်ဝင်စားသူများ ၊ ကွန်ပျူတာဟာ့ဒ်ဝဲနှင့် ပတ်သက်ပြီး လေ့လာစူးစမ်းလိုသူများ မည်သူမဆို အခမဲ့တက်ရောက်ဆွေးနွေးနိုင်ပါသည်။

No comments: